1/156
ရေသည်ခက်ဆစ် ၁၅၇ လုံး
Name | Mastery | Learn | Test | Matching | Spaced |
|---|
No study sessions yet.
ကရောကပါး
ကတိုက်ကရိုက်။ အလောတကြီး။
ကာမဂုဏ်
လိုချင်နှစ်သက်ဖွယ်အာရုံ။
ကာမဂုဏ်ငါးရပ်
ရုပ်အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ဟူသော အာရုံငါးပါး။
ကောလိုက်တဲ့ကံ
အကျိုးပေး နုံဖျင်းသောကံ၊ ညံ့သောကံ။
ကံမျက်စိလယ်
(လည်)လို့ မျှ
ကောင်းသောကံသည် ရေသည်မိန်းမထံသို့ လမ်းမှား၍မျှ ရောက်မလာ။
ကိုးဌာနဘုံ
(၃၁) ဘုံကို ကိုယ်၊ ရုပ်နှင့် ပဋိသန္ဓေ စိတ်ကိုစွဲ၍ အမျိုးခွဲခြားပြသောအခါ ရသောကိုးဘုံ။
ကိုးမျက်စုံ
ကျောက်မျက်ရတနာကိုးပါးစုံလင်စွာ စီခြယ်ထားသော။
ကောက်လျင်
စိုက်သည့်ရက်မှ ရက်ပေါင်း ၁၄ဝ-၁၅ဝ အတွင်းမှည့်သော သက်နုစပါး မျိုး။ ကောက်ငယ်၊ ကောက်ကြီး စသောစပါးတို့ထက် သီးလွယ်၍ အလျင်အမြန်စားသုံးရသောစပါး။
ကင်းဝတ်လှည့်
ခိုးသား၊ ရန်သူတို့၏ အသွားအလာကို လှည့်လည်စောင့်ကြည့်သည်။
ကန္တာရ
သွားလာရန် ခက်ခဲကြမ်းတမ်းသော ခရီး၊ ခရီးခဲ။
ကုမ္ဘဏ်
နတ်ဘီလူးတစ်မျိုး။
ကုံလုံ
ပြည့်စုံသည်။ လုံလောက်သည်။ ကြွယ်ဝသည်။
ကိုယ်လုပ်တော်
ရှင်ဘုရင်၏ အပါးတွင် အလုပ်အကျွေးပြုရသောမယား၊ မိဖုရားကြီး အောက် အဆင့်နိမ့်၍ မောင်းမထက် အဆင့်မြင့်သူ။
ကျိကျိတက်
(ငွေကြေး) အလွန်များပြားစွာ။
ကျိုးရာမဲ့သီး
အကျိုးမရှိ။
ကျတ်တွင်း
တောတွင်းတိရစ္ဆာန်များ ဆားအလို့ငှာ လျက်ရသောက်ရသော ဆားတွင်း ဆားကျင်း။
ကျိုင်း
အရိုးရှည်တပ် ထီးသဏ္ဌာန်၊ မင်း၊ မှူးမတ်အဆောင်အယောင်တစ်မျိုး။
ကြငှန်း
ထီးနန်း။
ကြက်မခွပ်
ဇွဲကြီးစွာလုပ်သည်။
ကြိတ်စာကျေ
အလွန်သေးဖွဲ့သိမ်နုပ်၊ နည်းပါးသော။
ကြိမ်
တွေ့ဆုံသည်။ ကြုံကြိုက်သည်။
ခုတင်ခု
ခဏခဏ။
ခုနစ်ချောင်းညှို့
စောင်းတီးရာတွင် အရင်း မူလအသံ (၇)ပါး။
ခန်းဝါ
နေရာ၊ အရပ်။
ချောပို့
ခရီးစခန်းတစ်ခုမှတစ်ခုသို့ ခရီးသည်၊ ကုန်ပစ္စည်း စသည်တို့ကို အဆင့်ဆင့်ပို့ဆောင်သည်။
ချက်ကောင်း
အခွင့်ကောင်း။ အခါကောင်း။ အလုပ်အကြံ အောင်နိုင်ဖွယ်အကြောင်း ထိရောက်သည့်အချက်။
ချွတ်ခြုံ
ခါးဝတ်ကိုပင်ချွတ်၍ ခြုံရလောက်အောင် ဆင်းရဲသည်။ ဘာမျှမရှိ လောက်အောင် မွဲသည်။
ငါးကွင်းဥသျှောင်
ဥသျှောင် ငါးခုရှိသော နတ်သား။ သိကြားမင်းအသုံးတော်ခံ စောင်းတီး နတ်သား (ပဉ္စသီခနတ်မင်း)။
စကားဖန်
ကြားဖြတ်ကာ သိုင်းဝိုင်းချဲ့ထွင်ဖန်တီး ပြောဆိုသောစကား။
စရိယ
အကျင့်။
စာဂ
စွန့်ကြဲပေးကမ်းခြင်း။
စက်စုံ
ခြေတော်စုံ။
စင်းလုံးချွတ်
အလုံးစုံ။
စစ်စစ်ပေါက်ပေါက်
ချွေချွေတာတာ။ စစ်စစ်စီစီ။ စေ့စပ်စွာ။
စွန့်ခြင်းငါးရပ်
ဥစ္စာပစ္စည်း ဝတ္ထုတို့ကို စွန့်ခြင်း၊ မယားကို စွန့်ခြင်း၊ သားသမီးကိုစွန့်ခြင်း၊ ကိုယ်လက်အင်္ဂါတို့ကိုစွန့်ခြင်း၊ အသက်ကိုစွန့်ခြင်း။
ဆိုင်းပေါင်ကျိုး
ထမ်းပိုးဖြင့်ထမ်းသော ဆိုင်းတို့၏အောက်ခြေတွင် သစ်သားပေါင်ခံလေ့ ရှိရာ ထိုသစ်သားပေါင်ကျိုးနေသော ဆိုင်းထမ်း။
ဆန်တွင်းကနက်လွန်းလို့
ဝမ်းရေးခက်လွန်းလို့။
ဆုံးပါး
ကွယ်လွန်သည်။ သေသည်။
ဇာတာထွန်းပေါ်
ကံကောင်းသည်။
ဇေယျတု
အောင်မြင်ကြောင်း မင်္ဂလာစကား (မင်္ဂလာရှိစေရန်ပထမဆုံး ဆိုသည့် စကား၊ အောင်စေသတည်းဟု အဓိပ္ပာယ်ရသည်)
ဇင်ဂလယ် (ဂျင်ဂလယ်)
တိုင်းငယ် ပြည်ငယ်။
ဇမ္ဗူ
မြင်းမိုရ်တောင်၏ တောင်ဘက်တွင် ရှိသော ဇမ္ဗူ့သပြေ ပင်ပေါက်သော ကျွန်း။ ဇမ္ဗူဒိပ်ကျွန်း။
ဇမ္ဗူမင်းစံ
စံပြုလောက်သော ဇမ္ဗူရာဇ်ရွှေမျိုး။
ဇမ္ဗူမှာရှားလွန်းလို့
ကမ္ဘာပေါ်တွင် အလွန်ရှားလွန်းလို့။
ညာဇမ္ဗူမော်
ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်းလုံး ကျော်ကြားသော။
တစ်ဆိတ်စာ
မပြောပလောက်သောပမာဏ၊ အနည်းငယ်။
တထီးလွှားလွှား
ဆင်းရဲပင်ပန်းကြီးစွာ အားသွန်ခွန်စိုက်ပြု၍။
တဏှာ
လိုချင်တပ်မက်ခြင်း။
တရကြမ်း
အပြင်းအထန်၊ အတင်းအကြမ်း။
တလတွန်း (တရတွန်း)
အဆက်မပြတ်။ အတင်းအကြမ်း။
တာငန်း
အကွာအဝေး။ အတိုင်းအရှည်။
တာဝတိံသာ
နတ်ပြည်ခြောက်ထပ်တွင် ဒုတိယမြောက်အထပ်။
တူရူ
မျက်နှာမူရာ ရှေ့တည့်တည့်။
တောင်တာ
ခရီး။ ရှည်လျားဝေးလံသောခရီး။
တစ်ရှုမနား
မရပ်မနားဘဲ။
တန်း
အချုပ်ခန်း၊ ရာဇဝတ်မှုကို စစ်ဆေးဆဲအခါ ချုပ်ထားသောနေရာ။
တယ်ကရ
ဂရုမစိုက်၊ မလေးမစား။
ထူး
ဆင်သတ္တဝါတို့၏ လှုပ်ရှားသွားလာမှုကို ချုပ်ထိန်းရန် ခြေတွင် တပ်ဆင် ထားသော ခြေချင်း။
ထဲသံရည်ရော်
ဆန္ဒပြင်းစွာ နှလုံးသွင်းသည်။ စိတ်တွင် စူးစိုက်အာရုံပြုသည်။
ဒလဟော
အဆီးအတားမရှိ၊ အရှိန်ပြင်းစွာဖြင့်။
ဓမ္မတာ
ဖြစ်မြဲတရား။
နရက်
ငရဲ။
နိဒါန်းသွယ်လို့
အကြောင်းစပ်သွယ်လို့။
ပဆစ်အိမ်
အဖာအစပ်များလွန်း၍ ပဆစ်အိမ်ကွက်များကဲ့သို့ ဖြစ်နေသောထဘီ။
ပါရမီ
ဘဝအဆက်ဆက် ဖြည့်ဆည်းအပ်သော အလေ့အထုံ။
ပီလော
ချွဲကျိသော အရည်ထွက်သည့် အရွက်ကိုဟင်းချိုချက်၍ သောက်ရသော အပင်တစ်မျိုး။
ပူဆာညှိုးခွေ
လိုအင်ဆန္ဒ မပြည့်ဝခြင်းကြောင့် စိတ်ထိခိုက် နွမ်းလျသည်။
ပက္ကလာ
နေ၊ မိုးကာကွယ်ရန် လယ်သူမများ ဆောင်းလေ့ရှိသော စလူ၊ ဝါးဖပ် စသည်ကို နှီးဖြင့်ချုပ်သတ် ပြုလုပ်ထား၍ ကျောပြင်ပါလုံသည့် ခေါင်းဆောင်းရှည်တစ်မျိုး။
ပေါက်ပေါက်ရှူရှူ
ပေါက်ပေါက်မြောက်မြောက်။
ပေါင်းလန်
(လှေ၊ လှည်းပေါင်းမိုး၊ တောင်း၊ တင်း စသည်မဆံ့အောင်) များပြား ပြည့်လျှံသည်။
ပစ္စုပ္ပန်
မျက်မှောက်ကာလ။ မျက်မှောက်ဘဝ။
ပတ်ကြမ်းတီး
ဇာတ်ကရာ တိုက်ခိုက်ခန်းမျိုးတွင် ပတ်မကြီးသံညံစေလျက်အကြမ်း တီးမှုတ်သည်။
ပတ်တိတ်လို့ပိန်း
လုံးဝပြီးပြတ်သည်။
ပိတ်ပိတ်ပျောက်
လုံးဝပျောက်သည်။
ပျံ့ပျူး
သာယာ။
ပြာသာဒ်ဘုံပျံ
အထက်သို့ပျံတက်သွားသည့်ဟန် ဘုံအဆင့်ဆင့်ပါရှိသည့် အဆောင်။
ပြက်သိကာ
အနည်းငယ်။ ပါသည်ဆိုရုံမျှ အတိုင်းအဆပမာဏ။
ပြောင်း
နှံစားပြောင်း။
ဖွတ်မင်းနောင်
ဖွတ်မင်း၏ အစ်ကိုခေါ်ရလောက်အောင် မွဲသူ။
ဗရပျစ်
ရောထွေး စုခဲရှုပ်ပွေလျက်။
ဗလချာ
(ဗရချာ)
စုတ်ဖွာသည်။ ညံ့ဖျင်းသည်။
ဗေလုဝစောင်း
ပဉ္စသီခနတ်သား၏ စောင်းအမည်။
ဗောဓိဆုယူ
ဘုရားဆုကိုတောင်းသော။
ဗောဓိသတ်
ဘုရားလောင်း။
ဗုဒ္ဓင်င်္ကူ
ဘုရားလောင်း။
ဘရံတောက်တီး
အဓိပ္ပာယ်မရှိဘဲ ရောက်တတ်ရာရာ။
ဘဝဂ်
ဘုံတွင်အထက်ဆုံးဘုံ။ အထက်ဘုံ။
ဘိသိက်ပွဲ
ရေစင်သွန်း၍ မင်္ဂလာပြုသည့်အခမ်းအနား။
ဘောက်စရာ
ဘာပြုစရာ။
ဘုန်းကံဆောက်ဦ
ဘုန်းတန်ခိုးကြီးဖွယ်ကုသိုလ်အထောက်အပံ့။
ဘုန်းဟေ့
ဘုန်းရှိသော။
မနုံနဲ့
မညံ့ဖျင်း။
မဟာဥပရာဇ်
အိမ်ရှေ့မင်း။
မုရင်း
မိုးကုန်ပြီးနောက် ဆောင်းတွင်းနှင့် နွေအခါတွင်ရေသွင်း၍ စိုက်ပျိုး လေ့ရှိသော စပါးတစ်မျိုး။
မဂ်
နိဗ္ဗာန်ဝင်ရာလမ်းကြောင်း။
မင်္ဂလံ
မင်္ဂလာ။ အလိုပြည့်ခြင်း။ အောင်မြင်ခြင်း။ ကြီးပွားခြင်း။ ပြည့်စုံခြင်း။
မင်းမန္ဓာတ်
စကြဝတေးမင်း။
မောင်းမမိဿံ
ဘုရင်၊ မိဖုရားတို့၏အခြံအရံ၊ နန်းတွင်း အမှုလုပ်မိန်းမများ။
မြကေသျှောင်
ဆံထုံး။
မြောက်စံအိမ်
နန်းတော်မြောက် အိမ်ရှေမင်းစံရာ အိမ်။