1/205
Looks like no tags are added yet.
Name | Mastery | Learn | Test | Matching | Spaced |
|---|
No study sessions yet.
ကြေးနီ
နီညိုသောအဆင်းရှိသည့် မြေထွက်သတ္တုတစ်မျိုး။
ကြေးဖြူ
အဖြူရောင်အဆင်းရှိသော မြေထွက်သတ္တုတစ်မျိုး။
ခမည်း
မွေးဖခင်။
ခုံလောက်
ခနောက်စိမ်း၊ ဖြူဖွေးကြွပ်ဆတ်သောသတ္တုတစ်မျိုး။
စွန့်ကြဲ
လှူသည်။ ပေးကမ်းသည်။
တောကျောင်း
ရွာနှင့်ဝေးသော ရဟန်းတို့သီတင်းသုံးသော အဆောက်အအုံ။
တပ်ရာမဲ့
တပ်မက်ခြင်းကင်းစွာ။ စွဲလမ်းငြိတွယ်ခြင်းကင်းစွာ။
နတ္တော်လ
နတ်တော်လ၊ ကြီးကဲမြင့်မြတ်သော ကိုးကွယ်ရာနတ်တို့အား ပူဇော်ပသသော လ။ (မြန်မာ ၁၂ လတွင် ၉ လမြောက်လ)
ပိသျှက်နှစ်
မြန်မာ ၁၂ နှစ်စက်ဝန်းတွင် ၂ ခုမြောက်နှစ်အမည် (ကဆုန်လ၏ စန်းယှဉ်နက္ခတ်အမည်)
ပတ္တမြား
များသောအားဖြင့် အနီရောင်ရှိသောကျောက်မျက်တစ်မျိုး။
ပျံတော်မူ
ကွယ်လွန်သည်။ သေသည်။
မဟာဒါန်
ကြီးမြတ်သောဒါန။ (အလှူကြီး)
ရတနာ ၃ ပါး
(၁) ဘုရားရတနာ
(၂) တရားရတနာ
(၃) သံဃာရတနာ။
ရေသွန်း
အဓိဋ္ဌာန်ပြုလျက်ရေစက်ချသည်။
ရွဲမြတ်
၉ ပါး နဝရတ် ၉ ပါး။ (ပုလဲ၊ စိန်၊ မြ၊ ဥဿဖရား၊ ဂေါ်မိတ်၊ ကြောင်၊ ပတ္တမြား၊ သန္တာ၊ နီလာ)
လသေသတင်း
လကွယ်သတင်း၊ လတစ်လ၏ နောက်ဆုံးသတင်းနေ့၊ နောက်ဆုံးဥပုသ် နေ့။
လင်
အိမ်ထောင်ဖက်ယောက်ျား။ ခင်ပွန်း။
သခင်
အရှင်သခင်။ ပိုင်ရှင်။
သလွဲ
ခဲမဖြူ။
သက်သေ
အဖြစ်အပျက်ကို မျက်မြင်တွေ့သူ။
သိဒ္ဓံ
ပြီးစီးပြီးမြောက်ပါစေသတည်း။
အတည်မဲ့သောတရား
အတည်မရှိသောတရား။ အနိစ္စတရား။ မမြဲသောတရား။
အတွင်းဥစ္စာ
အိမ်အတွင်းသိမ်းဆည်းထားနိုင်သောဥစ္စာပစ္စည်း။
အဖအမျိုး ၇ ဆက်
အဖဘက်ကဆွေမျိုး ၇ ဆင့်။
အမိအမျိုး ၇ ဆက်
အမိဘက်ကဆွေမျိုး ၇ ဆင့်။
အရပ်သုံးပါး
တောကျောင်း၊ အိမ်ကျောင်း၊ ငါးမျက်နှာကျောင်း။
အသုန္တရေ (ဝသုန္ဓရေ)
မြေ၊ မြေစောင့်နတ်။
အိမ်ကျောင်း
အိမ်ရာကိုရဟန်းတို့သီတင်းသုံးရန် ပြုလုပ်ထားသောအဆောက်အအုံ။
ငါးရံ့နက်ဇာတ် ဖြစ်သောခါ
ဘုရားလောင်း ငါးရံ့နက်ဘဝဖြစ်သောအခါ။
စီးဖြန်း
တရားသဘောကို ထပ်တလဲလဲ ဆင်ခြင်ရွတ်ဆိုသည်။
စိတ္တဝိသုဒ္ဓိ
စိတ်သန့်ရှင်းစင်ကြယ်ခြင်း။
နိဗ္ဗာန်
ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာ။
ပညာ
ခွဲခြမ်းသိမြင်နိုင်သော အသိဉာဏ်။ အတတ်။
ပါရမီ
ဖြည့်ဆည်းအပ်သော ဒါန၊ သီလ စသည်။
ပါရမီအပြားသုံးဆယ်
ပါရမီအပြားသုံးဆယ်။(ပါရမီဆယ်ပါးကို အယုတ် အလတ် အမြတ်ဟူ၍ ၃ မျိုးစီပွားသည်)
ပဉ္စသီ
ငါးပါးသီလ။ ငါးပါးသောအကျင့်။
ဗလဝါမုခသမုဒ္ဒရာ
အားကြီးသောဝဲဂယက်။
မန္တန်
မန်းမှုတ် ရွတ်ဆိုရသော စကားစု။
ဝိပဿနာ
ရုပ်နာမ်တရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုမှတ်ဆင်ခြင်ခြင်း။
သီတင်း
ဥပုသ်။ အကျင့်သီလ။
သီလဝိသုဒ္ဓိ
အကျင့်သီလ သန့်ရှင်းစင်ကြယ်ခြင်း။
သစ္စာ
အမှန်တရား။ မှန်ကန်သောစကား။
သဗ္ဗညုတဘုရား
အလုံးစုံ သိမြင်တော်မူသော ဘုရား။
အပါယ်လေးပါး
မကောင်းမှုပြုသည့်အတွက် ကျရောက်ရာသော ဘုံလေးပါး။
(ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်)
အပြား
အမျိုး၊ အမျိုးအစား။
အမြိုက်နိဗ္ဗာန်
သေခြင်းကင်းသော။ ငြိမ်းချမ်းသော။
အရဟတ္တဖိုလ်
ဖိုလ်လေးပါးတွင် စတုတ္ထ ဖြစ်သောဖိုလ်။
ဦးမပြူ
ဦးခေါင်းမျှမပေါ်။
အံ့ဖွယ်သရဲ
အထူးအံ့ဩဖွယ်။
ကုလားမက်
အနောက်တိုင်းသား(အဖြူ၊ အမဲ)များကို အထင်ကြီးရင်းနှီးသည်။
ကိစ္စတုံး
(လုပ်ဆောင်မှု) ရပ်ဆိုင်းသည်။
ခေတ်
နယ်ပယ်အပိုင်းအခြား။
ခေတ်ကျွန်
ခေတ်၏စေစား၊ ဆွဲဆောင်ခံရခြင်း။
ခေတ်ဆန်
မျက်မှောက်ခေတ် ဟန်ပန်အမူအရာရှိသည်။
စာဖျက်
ဘုန်းကြီးကျောင်းသင်ရိုးကို ပစ်ပယ်သူ။
ဇာတိခေတ်
ဘုရားရှင်ပဋိသန္ဓေနေသောအခါ၊ ဖွားမြင်သောအခါ၊ ဘုရားဖြစ် သော အခါ၊ ဓမ္မစကြာတရားဟောသောအခါ၊ အာယုသင်္ခါရလွှတ်တော်မူ သောအခါတို့၌ မြေငလျင်တုန်လှုပ်သော စကြဝဠာတစ်သောင်း။
ပကာသန
ပေါ်လွင်ထင်ရှားအောင် ဂုဏ်ဖော်ပြသမှု။
ဖြုံပင်မဖြုံ
တုန်လှုပ်မှုမရှိ။
မိုးခါးရေသောက်
အများနည်းတူလိုက်လျော၍ ပြုမူဆောင်ရွက်သည်။
ဝိသယခေတ်
မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ကျက်စားရာဖြစ်သော စကြဝဠာ အနန္တ။
အညွန့်တက်ချင်
လူတိုင်းထက်ပိုပြချင်သည်။
အထိုင်းအမှိုင်း
ထုံအ၊ ညံ့ဖျင်းသူများ။
အလွန်တာသွား
အဓိပ္ပာယ်သက်ရောက်မှု ကျယ်ပြန့်သည်။
အာဏာခေတ်
မြတ်စွာဘုရား၏ဓမ္မစက် အာဏာတော်ပျံ့နှံ့ရာ စကြဝဠာကုဋေတစ်သိန်း။
ကိတ္တိမသား
မွေးစားသား။
ကိုယ်စီကိုယ်င
တစ်ဦးချင်းစေ့ငစွာ။
ကြံချင်ဖန်ချင်
အသစ်ပြုလိုစိတ်ပေါ်သည်။
ခါးချည့်
ပိန်၍ ခွန်အားနည်းပါးသော။
ချစ်တီး
ငွေတိုးပေးစား၍ အမြတ်ကြီးစားသူ။
ငါးပြားတန်
ပြားစေ့ငါးစေ့မျှသာအဖိုးထိုက်တန်သည်။
ဉာတိ
ဆွေမျိုး။
ညှော်တိုက်
တစ်ပါးသူအား အညှော်နံ့ နံအောင် လုပ်သည်။
တကြုတ်ကြုတ်
အစာမရှိ၍ ဝမ်းထဲကမြည်သောအသံ။
တက်တက်စင်
အကုန်အစင်။ လုံးဝ။
တစ်ပဲတန်
တန်ဖိုးနည်းသည်။
တစ်မူးတန်
နှစ်ပဲမျှသာအဖိုးထိုက်တန်သည်။
ထမ်းပိုး
ဝန်ကိုထမ်းရာ၌သုံးသော အချောင်းအတံ။
မရဏလမ်း
သေရမည့်လမ်း။
မောင်လည်နှမလည်
မောင်နှစ်မ နှစ်စုံအပြန်အလှန်အိမ်ထောင်ပြုခြင်း။
မြီရှင်
အကြွေးပေးထားသူ။ ပေးဆပ်ငွေရရန်ရှိသူ။
မွတ်သိပ်
စားသောက်လိုစိတ်ပြင်းပြသည်။
ရာဝင်အိုးကြီး
ဆီပိဿာ တစ်ရာ ဝင်ဆံ့သော အိုး။
သေစာရှင်စာ
စာဖတ်တတ်ရုံမျှ။
သောကဗျာပါ
မြန်မာစာ လက်တွေ့စိုးရိမ်ပူပန်ရခြင်း။
ကျူးပိုက်ဖြား
သာယာသိမ်မွေ့စွာ ပွေ့ဖက်ပြောဆိုသည်။
ကျိုင်းစင်မြခဲ
ကိုယ်လုံးကိုယ်ဖန် ဖွံ့ထွားသန့်စင်ကြည်လင်သည်။
ကြာညွှတ်ဖယောင်း
အပူထိသောကြာနွယ်၊ ဖယောင်းတိုင် (ကဲ့သို့)။
ချီသွားမူးမူး
(စစ်မြေသို့) ချီတက်သွားချိန်နိုး၊ သွားအံ့ဆဲဆဲ။
ချစ်ဝန်လေးခဲ့
ချစ်နေရသည့်ကိစ္စ လေးလံပူပန်ခဲ့သည်။
ခြူးနတ်
ခြူးပန်းခြူးနွယ် ကနုတ်ခြယ်ထားသော။
စံကားသေး
ပွင့်ဖတ်လက်တံသေးသော စံကားပန်း။
စက်ရှင်လျှံမျှ
စက်ရဟတ်ဖြစ်သော နေမင်း၏ရောင်ခြည်ကဲ့သို့ (လျင်လို)။
စစ်ပွဲရန်နှည်
စစ်လက်ရန်သူများကို နှိမ်နင်းအောင်မြင်။
စိန်ပွင့်အုံး
စိန်ပွင့်စိန်ပန်းစီခြယ်ထားသည့် ခေါင်းအုံး (မှီအုံး)။
ဆင့်လောင်းလွမ်းဝှန်
ထပ်ဆင့်သက်ဝင်လာသောအလွမ်းများလျှံတက်နေသည်။
ညက်စင်စံမျာ့း
ညက်ညောဖြူစင်သူတို့စံထားရသော။
ထုံပျံ့ပန်းသတ်
ပန်းရနံ့များ ထုံသတ်ထားသဖြင့် မွှေးပျံ့နေသည်။
ထွေထွေစွန်း
တိမ်ရောင်စုံနှင့် လျှပ်ပန်းအစုံစုံကျရောက်ဆဲကာလ။
ပင်ရုံးရွရွ
ဆံပင်ဆံထုံးကို တယုတယစုစည်းပင့်တင်သည်။
ပျံ့ပျူးချုပ်ထိုင်း
ဝန်းကျင်တပြန့်တပြောကြီး ထိုင်းမှိုင်းအုံ့ဆိုင်းလျက်။