p6

0.0(0)
studied byStudied by 1 person
call kaiCall Kai
learnLearn
examPractice Test
spaced repetitionSpaced Repetition
heart puzzleMatch
flashcardsFlashcards
GameKnowt Play
Card Sorting

1/14

encourage image

There's no tags or description

Looks like no tags are added yet.

Last updated 12:31 PM on 12/8/25
Name
Mastery
Learn
Test
Matching
Spaced
Call with Kai

No analytics yet

Send a link to your students to track their progress

15 Terms

1
New cards

အာကာသ ဝေဟင်နန်း

အာကာသ ဝေဟင်နန်း (ရူပကအလင်္ကာ)

မြင့်မားပြီး ခိုလှုံပျော်မွေ့ဖွယ်ကောင်းသော အာကာသဝေဟင်(အနှိုင်းခံ)နှင့် နန်းတော်(အနှိုင်း)တို့ကို ဂုဏ်ရည်တူချင်း ထပ်တူပြုရေးဖွဲ့ ထားသောကြောင့် ရူပကအလင်္ကာမြောက်ပါသည်။

2
New cards

အောင်မြင်မှု သရဖူ

အောင်မြင်မှု သရဖူ (ရူပကအလင်္ကာ)

အထွတ်အထိပ်ဖြစ်ရသော အောင်မြင်မှု (အနှိုင်းခံ)နှင့် သရဖူ(အနှိုင်း)တို့ကို ဂုဏ်ရည်တူချင်း ထပ်တူပြုရေးဖွဲ့ထားသောကြောင့် ရူပကအလင်္ကာမြောက်ပါသည်။

3
New cards

ချစ်ဝန်

ချစ်ဝန် (ရူပကအလင်္ကာ)

လေးလံဖိစီးတတ်သောအချစ် (အနှိုင်းခံ)နှင့် ဝန်ထုပ်ဝန်ပိုး(အနှိုင်း)တို့ကို ဂုဏ်ရည်တူချင်း ထပ်တူပြုရေးဖွဲ့ထားသောကြောင့် ရူပကအလင်္ကာမြောက်ပါသည်။

4
New cards

မိုးပန်း

မိုးပန်း (ရူပကအလင်္ကာ)

နှစ်သက်မြတ်နိုးဖွယ်ကောင်းသော မိုး(အနှိုင်းခံ)နှင့် ပန်း(အနှိုင်း)တို့ကို ဂုဏ်ရည်တူချင်း ထပ်တူပြုရေးဖွဲ့ထားသောကြောင့် ရူပကအလင်္ကာမြောက်ပါသည်။

5
New cards

ပိတောက်လျှံခဲ ရွှေရည်ခွဲ

ပိတောက်လျှံခဲ ရွှေရည်ခွဲ (ရူပကအလင်္ကာ)

ဝင်းဝါလှပ မြတ်နိုးစရာကောင်းသော ပိတောက်ပန်း အစုအဝေး (အနှိုင်းခံ)နှင့် ရွှေအရည်(အနှိုင်း)တို့ကို ဂုဏ်ရည်တူချင်း ထပ်တူပြုရေးဖွဲ့ထားသောကြောင့် ရူပကအလင်္ကာမြောက်ပါသည်။

6
New cards

ဘုရားရတနာ

ဘုရားရတနာ (ရူပကအလင်္ကာ)

မြတ်နိုးတန်ဖိုးထားရသောဘုရား(အနှိုင်းခံ)နှင့် ရတနာ(အနှိုင်း)တို့ကို ဂုဏ်ရည်တူချင်းထပ်တူပြုရေးဖွဲ့ထားသောကြောင့် ရူပကအလင်္ကာမြောက်ပါသည်။

7
New cards

ယောင်ထန်းစေ့မှုတ်

ယောင်ထန်းစေ့မှုတ် (ရူပကအလင်္ကာ)

အရွယ်ပမာဏသေးသယ်သော ရေသည်ယောက်ျား၏ ယောင်(သျှောင်)ထုံး(အနှိုင်းခံ)နှင့် ထန်းစေ့မှုတ်(အနှိုင်း)တို့ကို ဂုဏ်ရည်တူချင်း ထပ်တူပြုရေးဖွဲ့ထားသောကြောင့် ရူပကအလင်္ကာမြောက်ပါသည်။

8
New cards

ရတနာချဉ်ပေါင်

ရတနာချဉ်ပေါင် (ရူပကအလင်္ကာ)

တန်ဖိုးကြီးပြီး နှစ်သက်ဖွယ်ကောင်းသော ရတနာ(အနှိုင်း)နှင့် ရေသည်ယောက်ျားစားရသော ချဉ်ပေါင်(အနှိုင်းခံ)တို့ကို ဂုဏ်ရည် တူချင်း ထပ်တူပြုရေးဖွဲ့ထားသောကြောင့် ရူပကအလင်္ကာမြောက်ပါသည်။

9
New cards

ဥစ္စာဝန်

ဥစ္စာဝန် (ရူပကအလင်္ကာ)

တာဝန်ကြီးလေးစွာ ထိန်းသိမ်းစောင့်ရှောက်ပေးရသော ဥစ္စာငွေလေးရွေး (အနှိုင်းခံ)နှင့် တာဝန်(အနှိုင်း)တို့ကို ဂုဏ်ရည်တူချင်း ထပ်တူပြုရေးဖွဲ့ထားသောကြောင့် ရူပကအလင်္ကာမြောက်ပါသည်။

10
New cards

မဂ်ငြိမ်း

မဂ်ငြိမ်း (ရူပကအလင်္ကာ)

မြင့်မြတ်ရာ အထက်အဆင့်သို့ တက်နိုင်ရန် အထောက်အပံ့ပြုနိုင်သော မဂ်တရား(အနှိုင်းခံ)နှင့်ငြမ်း(အနှိုင်း)တို့ကို ဂုဏ်ရည်တူချင်း ထပ်တူပြုရေးဖွဲ့ထားသောကြောင့် ရူပကအလင်္ကာမြောက်ပါသည်။

11
New cards

မြကေသျှောင်

မြကေသျှောင် (ရူပကအလင်္ကာ)

စိမ်းမှောင်တောက်ပသော မြ(အနှိုင်း)နှင့်ကေသာသျှောင်ထုံး(အနှိုင်းခံ)တို့ကို ဂုဏ်ရည်တူချင်း ထပ်တူပြုရေးဖွဲ့ထားသောကြောင့် ရူပကအလင်္ကာမြောက်ပါသည်။

12
New cards

မာန်စွယ်

မာန်စွယ် (ရူပကအလင်္ကာ)

ထောင်လွှားမောက်မာ၍ အန္တရာယ်ပြုနိုင်စွမ်းရှိသော မာန်မာန (အနှိုင်းခံ)နှင့် အစွယ်(အနှိုင်း)တို့ကို ဂုဏ်ရည်တူချင်း ထပ်တူပြုရေးဖွဲ့ ထားသောကြောင့် ရူပကအလင်္ကာမြောက်ပါသည်။

13
New cards

တဏှာချုံ

တဏှာချုံ (ရူပကအလင်္ကာ)

ရှုပ်ထွေးငြိတွယ်စေတတ်သောတဏှာ(အနှိုင်းခံ)နှင့် ချုံပုတ်(အနှိုင်း)တို့ကို ဂုဏ်ရည်တူချင်း ထပ်တူပြုရေးဖွဲ့ထားသောကြောင့် ရူပကအလင်္ကာမြောက်ပါသည်။

14
New cards

တဏှာဝန်

တဏှာဝန် (ရူပကအလင်္ကာ)

ပင်ပန်းဆင်းရဲအောင် လေးလံဖိစီးနှိပ်စက်တတ်သော တဏှာ(အနှိုင်းခံ)နှင့် ဝန်ထုပ်ဝန်ပိုး(အနှိုင်း)တို့ကို ဂုဏ်ရည်တူချင်း ထပ်တူပြုရေးဖွဲ့ထားသောကြောင့် ရူပကအလင်္ကာမြောက်ပါသည်။

15
New cards

လေးမဂ်ရေ

လေးမဂ်ရေ (ရူပကအလင်္ကာ)

စိတ်ကြည်လင်ပြီး အေးချမ်းမှုကိုဖြစ်စေသော မဂ်လေးပါးတရား (အနှိုင်းခံ)နှင့် ရေ(အနှိုင်း)တို့ကို ဂုဏ်ရည်တူချင်း ထပ်တူပြုရေးဖွဲ့ ထားသောကြောင့် ရူပကအလင်္ကာမြောက်ပါသည်။