Myanmar khad sid (462)

0.0(0)
studied byStudied by 0 people
0.0(0)
full-widthCall Kai
learnLearn
examPractice Test
spaced repetitionSpaced Repetition
heart puzzleMatch
flashcardsFlashcards
GameKnowt Play
Card Sorting

1/461

encourage image

There's no tags or description

Looks like no tags are added yet.

Study Analytics
Name
Mastery
Learn
Test
Matching
Spaced

No study sessions yet.

462 Terms

1
New cards

ကြေးနီ

နီညိုသောအဆင်းရှိသည့် မြေထွက်သတ္တုတစ်မျိုး။

2
New cards

ကြေးဖြူ

အဖြူရောင်အဆင်းရှိသော မြေထွက်သတ္တုတစ်မျိုး။

3
New cards

ခမည်း

မွေးဖခင်။

4
New cards

ခုံလောက်

ခနောက်စိမ်း၊ ဖြူဖွေးကြွပ်ဆတ်သောသတ္တုတစ်မျိုး။

5
New cards

စွန့်ကြဲ

လှူသည်။ ပေးကမ်းသည်။

6
New cards

တောကျောင်း

ရွာနှင့်ဝေးသော ရဟန်းတို့သီတင်းသုံးသော အဆောက်အအုံ။

7
New cards

တပ်ရာမဲ့

တပ်မက်ခြင်းကင်းစွာ။ စွဲလမ်းငြိတွယ်ခြင်းကင်းစွာ။

8
New cards

နတ္တော်လ

နတ်တော်လ၊ ကြီးကဲမြင့်မြတ်သော ကိုးကွယ်ရာနတ်တို့အား ပူဇော်ပသသော လ။ (မြန်မာ ၁၂ လတွင် ၉ လမြောက်လ)

9
New cards

ပိသျှက်နှစ်

မြန်မာ ၁၂ နှစ်စက်ဝန်းတွင် ၂ ခုမြောက်နှစ်အမည် (ကဆုန်လ၏ စန်းယှဉ်နက္ခတ်အမည်)

10
New cards

ပတ္တမြား

များသောအားဖြင့် အနီရောင်ရှိသောကျောက်မျက်တစ်မျိုး။

11
New cards

ပျံတော်မူ

ကွယ်လွန်သည်။ သေသည်။

12
New cards

မဟာဒါန်

ကြီးမြတ်သောဒါန။ (အလှူကြီး)

13
New cards

ရတနာ ၃ ပါး

(၁) ဘုရားရတနာ
(၂) တရားရတနာ
(၃) သံဃာရတနာ။

14
New cards

ရေသွန်း

အဓိဋ္ဌာန်ပြုလျက်ရေစက်ချသည်။

15
New cards

ရွဲမြတ်

၉ ပါး နဝရတ် ၉ ပါး။ (ပုလဲ၊ စိန်၊ မြ၊ ဥဿဖရား၊ ဂေါ်မိတ်၊ ကြောင်၊ ပတ္တမြား၊ သန္တာ၊ နီလာ)

16
New cards

လသေသတင်း

လကွယ်သတင်း၊ လတစ်လ၏ နောက်ဆုံးသတင်းနေ့၊ နောက်ဆုံးဥပုသ် နေ့။

17
New cards

လင်

အိမ်ထောင်ဖက်ယောက်ျား။ ခင်ပွန်း။

18
New cards

သခင်

အရှင်သခင်။ ပိုင်ရှင်။

19
New cards

သလွဲ

ခဲမဖြူ။(အဖြူ၊ အနက် နှစ်မျိုးရှိသည်။)

20
New cards

သက်သေ

အဖြစ်အပျက်ကို မျက်မြင်တွေ့သူ။

21
New cards

သိဒ္ဓံ

ပြီးစီးပြီးမြောက်ပါစေသတည်း။

22
New cards

အတည်မဲ့သောတရား

အတည်မရှိသောတရား။ အနိစ္စတရား။ မမြဲသောတရား။

23
New cards

အတွင်းဥစ္စာ

အိမ်အတွင်းသိမ်းဆည်းထားနိုင်သောဥစ္စာပစ္စည်း။

24
New cards

အဖအမျိုး ၇ ဆက်

အဖဘက်ကဆွေမျိုး ၇ ဆင့်။

25
New cards

အမိအမျိုး ၇ ဆက်

အမိဘက်ကဆွေမျိုး ၇ ဆင့်။

26
New cards

အရပ်သုံးပါး

တောကျောင်း၊ အိမ်ကျောင်း၊ ငါးမျက်နှာကျောင်း။

27
New cards

အသုန္တရေ (ဝသုန္ဓရေ)

မြေ၊ မြေစောင့်နတ်။

28
New cards

အိမ်ကျောင်း

အိမ်ရာကိုရဟန်းတို့သီတင်းသုံးရန် ပြုလုပ်ထားသောအဆောက်အအုံ။

29
New cards

ငါးရံ့နက်ဇာတ် ဖြစ်သောခါ

ဘုရားလောင်း ငါးရံ့နက်ဘဝဖြစ်သောအခါ။

30
New cards

စီးဖြန်း

တရားသဘောကို ထပ်တလဲလဲ ဆင်ခြင်ရွတ်ဆိုသည်။

31
New cards

စိတ္တဝိသုဒ္ဓိ

စိတ်သန့်ရှင်းစင်ကြယ်ခြင်း။

32
New cards

နိဗ္ဗာန်

ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာ။

33
New cards

ပညာ

ခွဲခြမ်းသိမြင်နိုင်သော အသိဉာဏ်။ အတတ်။

34
New cards

ပါရမီ

ဖြည့်ဆည်းအပ်သော ဒါန၊ သီလ စသည်။

35
New cards

ပါရမီအပြားသုံးဆယ်

ပါရမီအပြားသုံးဆယ်။(ပါရမီဆယ်ပါးကို အယုတ် အလတ် အမြတ်ဟူ၍ ၃ မျိုးစီပွားသည်)

36
New cards

ပဉ္စသီ

ငါးပါးသီလ။ ငါးပါးသောအကျင့်။

37
New cards

ဗလဝါမုခသမုဒ္ဒရာ

အားကြီးသောဝဲဂယက်။

38
New cards

မန္တန်

မန်းမှုတ် ရွတ်ဆိုရသော စကားစု။

39
New cards

ဝိပဿနာ

ရုပ်နာမ်တရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုမှတ်ဆင်ခြင်ခြင်း။

40
New cards

သီတင်း

ဥပုသ်။ အကျင့်သီလ။

41
New cards

သီလဝိသုဒ္ဓိ

အကျင့်သီလ သန့်ရှင်းစင်ကြယ်ခြင်း။

42
New cards

သစ္စာ

အမှန်တရား။ မှန်ကန်သောစကား။

43
New cards

သဗ္ဗညုတဘုရား

အလုံးစုံ သိမြင်တော်မူသော ဘုရား။

44
New cards

အပါယ်လေးပါး

မကောင်းမှုပြုသည့်အတွက် ကျရောက်ရာသော ဘုံလေးပါး။ (ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်)

45
New cards

အပြား

အမျိုး၊ အမျိုးအစား။

46
New cards

အမြိုက်နိဗ္ဗာန်

သေခြင်းကင်းသော။ ငြိမ်းချမ်းသော။

47
New cards

အရဟတ္တဖိုလ်

ဖိုလ်လေးပါးတွင် စတုတ္ထ ဖြစ်သောဖိုလ်။

48
New cards

ဦးမပြူ

ဦးခေါင်းမျှမပေါ်။

49
New cards

အံ့ဖွယ်သရဲ

အထူးအံ့ဩဖွယ်။

50
New cards

ကုလားမက်

အနောက်တိုင်းသား(အဖြူ၊ အမဲ)များကို အထင်ကြီးရင်းနှီးသည်။

51
New cards

ကိစ္စတုံး

(လုပ်ဆောင်မှု) ရပ်ဆိုင်းသည်။

52
New cards

ခေတ်

နယ်ပယ်အပိုင်းအခြား။

53
New cards

ခေတ်ကျွန်

ခေတ်၏စေစား၊ ဆွဲဆောင်ခံရခြင်း။

54
New cards

ခေတ်ဆန်

မျက်မှောက်ခေတ် ဟန်ပန်အမူအရာရှိသည်။

55
New cards

စာဖျက်

ဘုန်းကြီးကျောင်းသင်ရိုးကို ပစ်ပယ်သူ။

56
New cards

ဇာတိခေတ်

ဘုရားရှင်ပဋိသန္ဓေနေသောအခါ၊ ဖွားမြင်သောအခါ၊ ဘုရားဖြစ် သော အခါ၊ ဓမ္မစကြာတရားဟောသောအခါ၊ အာယုသင်္ခါရလွှတ်တော်မူ သောအခါတို့၌ မြေငလျင်တုန်လှုပ်သော စကြဝဠာတစ်သောင်း။

57
New cards

ပကာသန

ပေါ်လွင်ထင်ရှားအောင် ဂုဏ်ဖော်ပြသမှု။

58
New cards

ဖြုံပင်မဖြုံ

တုန်လှုပ်မှုမရှိ။

59
New cards

မိုးခါးရေသောက်

အများနည်းတူလိုက်လျော၍ ပြုမူဆောင်ရွက်သည်။

60
New cards

ဝိသယခေတ်

မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ကျက်စားရာဖြစ်သော စကြဝဠာ အနန္တ။

61
New cards

အညွန့်တက်ချင်

လူတိုင်းထက်ပိုပြချင်သည်။

62
New cards

အထိုင်းအမှိုင်း

ထုံအ၊ ညံ့ဖျင်းသူများ။

63
New cards

အလွန်တာသွား

အဓိပ္ပာယ်သက်ရောက်မှု ကျယ်ပြန့်သည်။

64
New cards

အာဏာခေတ်

မြတ်စွာဘုရား၏ဓမ္မစက် အာဏာတော်ပျံ့နှံ့ရာ စကြဝဠာကုဋေတစ်သိန်း။

65
New cards

ကိတ္တိမသား

မွေးစားသား။

66
New cards

ကိုယ်စီကိုယ်င

တစ်ဦးချင်းစေ့ငစွာ။

67
New cards

ကြံချင်ဖန်ချင်

အသစ်ပြုလိုစိတ်ပေါ်သည်။

68
New cards

ခါးချည့်

ပိန်၍ ခွန်အားနည်းပါးသော။

69
New cards

ချစ်တီး

မြန်မာပြည်သို့လာ၍ ငွေတိုးချစားပေးခဲ့သော အိန္ဒိယ တောင်ပိုင်းသားလူမျိုး။ ငွေတိုးပေးစား၍ အမြတ်ကြီးစားသူ။

70
New cards

ငါးပြားတန်

ပြားစေ့ငါးစေ့မျှသာအဖိုးထိုက်တန်သည်။

71
New cards

ဉာတိ

ဆွေမျိုး။

72
New cards

ညှော်တိုက်

တစ်ပါးသူအား အညှော်နံ့ နံအောင် လုပ်သည်။

73
New cards

တကြုတ်ကြုတ်

အစာမရှိ၍ ဝမ်းထဲကမြည်သောအသံ။

74
New cards

တက်တက်စင်

အကုန်အစင်။ လုံးဝ။

75
New cards

တစ်ပဲတန်

တန်ဖိုးနည်းသည်။

76
New cards

တစ်မူးတန်

နှစ်ပဲမျှသာအဖိုးထိုက်တန်သည်။

77
New cards

ထမ်းပိုး

ဝန်ကိုထမ်းရာ၌သုံးသော အချောင်းအတံ။

78
New cards

မရဏလမ်း

သေရမည့်လမ်း။

79
New cards

မောင်လည်နှမလည်

မောင်နှစ်မ နှစ်စုံအပြန်အလှန်အိမ်ထောင်ပြုခြင်း။

80
New cards

မြီရှင်

အကြွေးပေးထားသူ။ ပေးဆပ်ငွေရရန်ရှိသူ။

81
New cards

မွတ်သိပ်

စားသောက်လိုစိတ်ပြင်းပြသည်။ အလိုဆန္ဒပြင်းပြသည်။

82
New cards

ရာဝင်အိုးကြီး

ဆီပိဿာတစ်ရာဝင်ဆံ့သောအိုး။

83
New cards

သေစာရှင်စာ

စာဖတ်တတ်ရုံမျှ။

84
New cards

သောကဗျာပါ

မြန်မာစာ လက်တွေ့စိုးရိမ်ပူပန်ရခြင်း။

85
New cards

ကရဝိက်

အသံအလွန်သာသည့် ကျမ်းဂန်လာငှက်တစ်မျိုး။

86
New cards

ကြိုးကြာ

အသံသာသော ခြေတံရှည် ရေငှက်ကြီးတစ်မျိုး။

87
New cards

တံခွန်

ဘုရားအနီး၊ ကျောင်းအနီးတွင် မြင့်မြင့်လွှင့်ထူ ရသောအရာ။ (တံခွန် လုံး၊ တံခွန်ကုက္ကား စသည်ဖြင့်ရှိသည်)

88
New cards

ထွာဆိုင်

ဆန့်ကားထားသောလက်မထိပ်ချင်းလက်ခလယ်ထိပ်ချင်းစသည်ထိ၍ တိုင်းရသော အဝန်းအတိုင်းအတာ။

89
New cards

နိဂုံး

အဆုံးသတ်စကား။

90
New cards

နိဿရည်းကောင်း

နည်းမှီလိုက်နာအပ်သောလမ်းညွှန်ချက်။
လိုက်နာကျင့်သုံးအပ်သောပညာပေးနည်းနာ။

91
New cards

နည်း

လိုက်နာဖွယ်စနစ်။

92
New cards

ပါရဂူ

အတတ်ပညာတစ်ရပ်ရပ်တွင်အထူးကျွမ်းကျင်သူ။
ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုဘွဲ့ထူး။

93
New cards

ပြောင်းဝ

ဖန်၊ သံ စသည် ပြွန်ချောင်းအဝ။

94
New cards

မြွက်ကြား

ထုတ်ဖော်ပြောဆို၍ သိစေသည်။

95
New cards

လက်ဖျစ်တီး

လက်မနှင့် လက်ခလယ်ထိပ်ချင်း ထိပွတ်၍ ဖြောက်ဖြောက်မြည်အောင် တီးသည်။

96
New cards

ဟင်္သာ

ရေအိုင်စပ်တွင် ကျက်စားတတ်သော ဝမ်းဘဲမျိုးဝင် ငှက်တစ်မျိုး။

97
New cards

အသိုက်အမြုံ

ငှက်စသည် သတ္တဝါတို့ ပြုလုပ်ထားသည့်နေရာ။ အစုအဝေး။ အစုဖွဲ့ (သိုက်မြုံ)။

98
New cards

အံ့ချီး

အလွန်အမင်း ချီးကျူးခြင်း။

99
New cards

စကောလားရှစ်ဆု

ပညာသင်ဆု။

100
New cards

စာတော်ပြန်

ဗြိတိသျှအစိုးရလက်ထက်က အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုရသူ အမှုထမ်း အရာထမ်း။